Monday, May 22, 2017

Excavator (or)Backhoe များအကြောင်းသိကောင်းစရာ


Excavator လို့ ပြောရင် သိတဲ့ သူက ခပ်ရှားရှားရယ်ပါ။Backhoe လို့ ပြောမှ အော် မြေတူးစက်ကို ပြောတာလားလို့ သိကြတယ်။ဒါကမှ တော်သေးတယ် တစ်ချို့ ဆို Backhoeလို့ ပြောရင်တောင် မရဘူး။ဘတ်ဖိုး လို့ ပြောမှ သိကြတာ။ကျွန်တော့် အတွေ့ အကြုံအရပြောရင်ရင် excavator တွေကိုသိတာ မြို့ က ခေတ်မီပါတယ်ဆိုတဲ့ သူတွေ မှာ သိပ်မရှိဘူးဗျ .... တောဘက် နယ်ဘက်က လူတွေ ပိုသိကြတယ် .....ဘာလို့ လဲ ဆိုတော့ မြို့ ထဲမှာက ခေတ်မှီဖွံ့ ဖြိုးပြီးသားဖြစ်နေတော့ excavator ကို သုံးရတဲ့ ပိုင်းနည်းပြီး တောဘက်တွေမှာကျတော့ အခုမှ ဖွံ့ ဖြိုးတိုးတက်ရေးကို အလေးပေးလုပ်ဆောင်လာကြတာဖြစ်လို့ ပါပဲ..... ကျွန်တော် အခုပြောချင်တာ က Excavator ဆိုတာ ဘယ်နေရာတွေ မှာ အသုံးဝင်သလဲ။ သူရဲ့ စွမ်းဆောင်ရည်တွေက ဘယ်လိုလဲ ဆိုတာတွေ ပဲဖြစ်ပါတယ်..... ကဲ ပထမဆုံးအနေနဲ့ ပြောချင်တာက Excavator ကို နောက်တစ်ခုအနေနဲ့ digger လို့ လည်း ခေါ်ကြတယ်ဗျ..... ပြောရမယ်ဆို မြေတူးသမား (ခ)မြေတူးစက်ပေါ့လေ.... ဒီတော့ ကျွန်တော့်အနေနဲ့ လည်း နောက်ပိုင်းတွေမှာ excavator ကို excavatorလို့ ခေါ်ရတာ ထောက်လို့ မြေတူးစက်လို့ ပဲ ပြောတော့မယ်ဗျာ။ :P :P :P Excavatorတွေရဲ့ အသုံးဝင်ပုံက အများကြီးဗျ .... သူတို့ မြောင်းတူးတာကနေစလို့ လမ်းဖောက် တံတားဆောက် ဆည်ကြီးတွေ တာတမံကြီးတွေ တည်ဆောက်တဲ့ နေရာတွေအထိကို သုံးလို့ ရတယ်ဗျ ... အများကောင်းကျိုးအတွက် အဘက်ဘက်ကနေ စွယ်စုံသုံးလို့ ရတဲ့ကောင်ကြီးပေါ့ဗျာ ။ ဒါပေမယ့် တစ်ခါတစ်လေတော့ လည်း ဘီးလင်းရွှေတောတို့  ဖားကန့် ကျောက်စိမ်းနယ်မြေ တို့ လို နေရာတွေကို ရောက်သွားတော့ ဒီကောင်ကြီးတွေ အတွက် ရင်မောမိတယ်ဗျာ..... အများအကျိုးပြုဖို့ အတွက် မွေးလာတဲ့ ကောင်ကြီးတွေဟာ အခုတော့ ကိုယ်ကျိုးရှာတဲ့ မသမာသူတွေလက်ထဲရောက်သွားတော့လဲ .... လမ်းဖောက်တံတားဆောက်တဲ့ မြေတူးစက်ကြီးတွေဟာ လမ်းဖျက် တံတားဖျက်နဲ့ ရှိရှိသမျှ သဘာဝပတ်ဝန်းကျင်သဘာဝတောတောင်ရေမြေကို ဖျက်ဆီးတဲ့ ကောင်ကြီးတွေကို ဖြစ်လို့ ...... ထားပါတော့ .... ဒါတွေ ပြောရင်ဒေါတွေပါတယ်.... အသုံးဝင်ပုံတွေပြောပြီးပြီဆိုတော့ သူရဲ့ စွမ်းရည်ကိုဆက်ပြောပါ့မယ်..... အပေါ်ပုံတွေမှာ ပြထားသလိုပဲ သူ့ မှာ အောက်ပိုင်းအနေနဲ့ စွမ်းဆောင်ရည်မြင့် hydraulic motor ကြီးတွေနဲ့ လည်ပတ်ရတဲ့  ဧရာမချိန်းနှစ်ဖက်ပါတယ်.... ဘယ်လို့ မြေသားမျိုးမဆို နင်းခြေပြီးဝါးမျို ပြစ်မယ့် ခြေချောင်းနှစ်ချောင်းပေါ့ဗျာ ....အဲ့ ဒီချိန်းကြီးတွေကြောင့် မြေတူးစက်ကြီးတွေဟာ ဘယ်နေရာမျိုးမဆို မကြောက်မရွံ့ သွားလာနိုင်ပါတယ်.... အဲ့ .... တစ်ခုတော့ ရှိတယ်ဗျ... ဘာကိုမှ မကြောက်ပေမယ့်  မြေပျော့တော့ ကြောက်တယ်....ဘာလို့ ဆို သူရဲ့ ကိုယ်ထည်အလေးချိန်ဟာ အရမ်းများတဲ့ အတွက် မြေကြီးထဲမှာ နစ်မြုပ်သွားနိုင်ပြီး ရုန်းမရလောက်အောင်ထိအခြေအနေဆိုးသွားနိုင်လို့ ပါပဲ .... နောက်ထပ်အားနည်းချက်တစ်ခုက Hydraulic motor ကြီးတွေဟာ လျင်မြန်တဲ့ နှုန်းနဲ့ သွားလို့ ရပေမယ့် ခရီးဝေးသွားလို့ မရတာပါပဲ.....သူဟာ လမ်းလျှောက်ဖို့ ဒီဇိုင်းထုတ်ထားတာ မဟုတ်ဘဲ.... ဟိုနားဒီနားကိုသာ အလျင်အမြန်ရွေ့ လျားလို့ အဆင်ပြေအောင် ထုတ်လုပ်ထားတာဖြစ်တဲ့ အတွက် အချိန်ကြာမြင့်စွာလမ်းလျောက်မိရင် Hydraulic Motor တွေရဲ့ သက်တမ်းဟာ အလျင်အမြန်ပဲ ကုန်ဆုံးသွားနိုင်ပါတယ်.... ကျွန်တော်တို့ အနေနဲ့ မြေတူးစက်ကြီးတွေရဲ့ အောက်ပိုင်းကို Undercarriage လို့ ခေါ်ကြပါတယ်..... Undercarriageပါဝင်တာကတော့ ချိန်းတွေရယ် X-frame လို့ ခေါ်တဲ့ အောက်ပိုင်းကိုယ်ထည်ကြီးရယ်ပဲဖြစ်တယ်.... ကဲ့ .... ဒီနေ့ တော့ ဒီလောက်ပါပဲဗျာ..... နောက်နေ့ များမှာမှ မြေတူးစက်ရဲ့ ကိုယ်ထည်ဖွဲ့ စည်းပုံအသေးစိတ်ရယ် တစ်ခုချင်းစီရဲ့ အလုပ်လုပ်ပုံတွေကို ရှင်းပြသွားပါ့မယ်) (Y.H.N)